
ထိုင်း၊ ဇန်နဝါရီ ၂၉
ထိုင်းနိုင်ငံ ၊ စူရတ်ဌာနီခရိုင်တွင် မြန်မာကလေးငယ် ၁၉၀ ကျော်ကို ပညာသင်ကြားပေးနေသော ကျောင်းတခု ယနေ့မနက်က ဖမ်းဆီးခံရကြောင်း သိရသည်။
အဆိုပါကျောင်းတွင် မြန်မာကလေးငယ် ၁၉၀ ကျော်ကို မြန်မာကျောင်းဆရာ/မ ၄ ဉီးက ပညာသင်ကြားပေးနေကြောင်း သိရသည်။
ထိုင်းအစိုးရ၏ ခွင့်ပြုချက်မပါဘဲ တရားမဝင်ဖွင့်လှစ်ထားသောကျောင်းဟု အာဏာပိုင်းများက ဆိုထားပြီး ယနေ့ ဖမ်းဆီးမှုတွင် ကျောင်းသုံးစာအုပ် ၃၁ အုပ်ကို သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း ၊ လက်ရှိတွင် အားလုံးကို ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့ကဆိုသည်။
ကလေးငယ်များ၏ မိဘမှာ မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်ပြီး Koh Phangan အတွင်း အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း ဆိုသည်။
ကျောင်းလခအနေဖြင့် မြန်မာကလေးငယ်များမှာ တလလျှင် ထိုင်းဘတ်ငွေ ၃၀၀ မှ ၅၀၀ အကြား ကျသင့်ကြောင်း ထိုင်းသတင်းဌာနအချို့က ဖော်ပြကြသည်။
ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားများအနေဖြင့် ထိုင်းအစိုးရက ထုတ်ပေးသော ဝက်ပါမစ်(အလုပ်ဗီဇာ)မရှိဘဲ အလုပ်လုပ်ခွင့်မရှိပေ။
ဓာတ်ပုံ- Khoasod English
