ကနီမြို့နယ် တွင် NUG ပညာရေး တာဝန်ခံ CDM ကျောင်ဆရာနှင့် လသားအရွယ်ကလေးအပါအဝင် မိသားစု လိုက် အသတ် ခံရ

ကနီ ၊ နိုဝင်ဘာ ၆
Newsambassador

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် တပုန်း ကျေးရွာတွင် NUG ၏ ယင်းမာပင်ခရိုင် ပညာရေးတာဝန်ခံ ဦးဝင်းဌေးနှင့် ဇနီး ၊လသားအရွယ် ကလေးအပါအဝင် မိသားစု ၃ဦးမှာ နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းက နေအိမ်တွင် အသတ် ခံလိုက်ရကြောင်း ကနီမြို့ရှိ တော်လှန် ရေးတပ်ဖွဲ့များထံမှ သိရသည် ။

ကနီမြို့နယ် ရှိ NUG ပညာရေးတာဝန် ခံ ကိုဝင်းဌေးနှင့်အတူ ဇနီးဖြစ် သူ ဒေါ်ခြိမ့်ခြိမ့်သဲ၊ သုံးလအရွယ် သမီးရွှေဝတ်ရည်လွှာတို့ ဓားချက်ပေါင်များ စွာဖြင့် သတ်ဖြတ်ထားခြင်းဖြစ် ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ် ဦးက ဆိုသည် ။

လက်ရှိအချိန်ထိ တရားခံကို မသိရှိရ သေးပဲ မြေပြင်စုံစမ်းမှုများလည်း ပြု လုပ်လျက်ရှိကြောင်း ၎င်း က ဆို သည်။

အလားတူ ကနီမြို့နယ် ချောင်းမ (အနောက်)ရွာမှာလည်းအောက်တိုဘာ ၁၉ ရက်နေ့က အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး အကြမ်းဖက်
သတ်ခံထားရပြီး ယနေ့ထိ တရားခံမပေါ်သေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည် ။