မကွေးတိုင်း တညောင်ရဲစခန်းနဲ့ လျှပ်စစ်ရုံးခွဲကို တိုက်ခိုက် ၊ စစ်ကောင်စီ တပ်သား ၅ဦးသေဆုံး

မကွေး ၊ နိုဝင်ဘာ ၇
News Ambassador

မကွေးတိုင်း၊ တညောင်တိုက်နယ်ရဲ စခန်းနဲ့ တညောင်လျှပ်စစ်ရုံးခွဲကို နိုဝင်ဘာလ ၅ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ဦး သေဆုံးခဲ့ကြောင်း စလင်းပကဖ ထံမှ သိရသည် ။

ရဲစခန်းပတ်လည်မှာရှိတဲ့အတားအဆီး တွေကို ဖျက်စီးနိုင်ခဲ့ပြီး အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့ကြောင်း ၊ အဆိုပါတိုက်ခိုက် မှု ကို မကွေးတိုင်း ပကဖ စီ၊ စလင်း ပကဖ ၊ရပ်ကျေးပကဖ၊ မင်းဘူးခရိုင်ပကဖ၊ မကွေးတိုင်း ပကဖ ဒရုန်းလက်ရုန်းတပ်သိန်းငှက်နက်၊ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ Chauk Guerrilla Force (CGF) တိုက ပူး ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည် ။