ကျောက်တံခါး၊ နိုဝင်ဘာ ၄
News Ambassador
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ က သတင်းထုတ်ပြန်လာသည်။
တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ ၂ စစ်ကြောင်းနှင့် KNLA တပ်ရင်း ၉ ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာ ၁ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ G3 ၁ လက်၊ G3 ကျည် ၁၇၄ တောင့်၊ G3 ကျည်ဘောက် ၃ ခု၊ ကိုးလုံးကျည် (၂၉) တောင့် နှင့် အခြားလက်လုပ်သေနတ်များကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း သိရသည်။
တိုက်ပွဲပြီးသွားပြီးနောက် စစ်ကောင်စီတပ်သည် ဆင်ရိုးခင်ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

