(၃၆)နှစ်မြောက် ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ဩဂုတ် ၆

ရန်ကုန်သပိတ်အင်အားစုများက ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ

၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်သပိတ်အင်အားစုများက ရန်ကုန်တွင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး လှုပ်ရှားမှုကို ဩဂုတ် ၆ရက်နေ့မှာပြုလုပ်ခဲ့ကြသည်။

“မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”၊ “The Future of Our Nation is in Our hand”၊ “ရပ်တန့်၍မရ” စာသားပါ ဘန်နာများ ကိုင်စွဲပြီး လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ ပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရတဲ့ အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)အမြစ်ဖြတ်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။

Photo- GSC