အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှု ကြောင့် သံဃာတော် (၁)ပါးပျံလွန်ပြီး ပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရ



ရန်ကုန်

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သံဃာတော် (၁)ပါးပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရရှိသည်ဟု TNLA ကပြောကြားသည် ။

နိုဝင်ဘာလ ၂၄ရက်နေ့ ည ၈နာရီအချိန်တွင် စစ်တပ်မှအင်းဝိုင်းကျေးရွာပေါ် သို့ လက်နက်ကြီး ဖြင့်(၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊နိုဝင်ဘာလ (၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ဒေသခံ(၁၈)ဦး သေဆုံးပြီး (၃၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကဆိုသည် ။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိ ပေးထားသည်။