အင်းတော်မြို့ကို တော်လှန်ရေးတပ်များ ထိန်းချုပ် ၊ သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ရရှိထား

အင်းတော်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ကို ဧပြီ ၇ ရက်နေ့ ညပိုင်းတွင် တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်နိုင်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

တော်လှန်ရေးတပ်များသည် အင်းတော်မြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ကတည်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုမှ ထိန်းချုပ်လိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“မတ်လကုန်မှာ မြို့ထဲကရဲစခန်းနဲ့ ဘုန်းကြီးကျောင်းကတပ်တွေ ဆုတ်ပေးရလို့ ဧပြီ ၁ ရက်နေ့မှာ သူတို့က ကုန်းပေါ်ကဆင်းပြီး စစ်ကြောင်းထိုးတယ်။ အဲ့ဒီအချိန်မှာ ဝိုင်းပြီးပြန်းထိုးတော့ စခန်းကုန်းထဲ ပြန်ဆုတ်တယ်။ တလျှောက်လုံး ဗုံးကြဲတာ။ မနေ့က မီးကုန်ယမ်းကုန်ကြဲတယ်။ ညနေပိုင်း စခန်းကုန်းကို တပ်လုံးတယ်။ ည ၈ နာရီမှာ ဘန်ကာအကုန်စီးမိတယ်။ သုံပန်းနဲ့လက်နက်ခဲယမ်းတွေ ရထားပြီ။ ဗုံးကတော့ ဆက်ကြဲနေတုန်ပဲ” ဟု News Ambassador ၏ PDF စစ်ရေးသတင်းရင်းမြစ်က ဧပြီ ၇ ရက်နေ့ည သန်းခေါင်တွင် ပြန်လည်ဖြေကြားခဲ့သည်။

အင်းတော်တိုက်ပွဲတွင် တော်လှန်ရေးတပ်ဘက်ကလည်း စနိုက်ပါရဲဘော်တစ်ဉီးအပါအဝင် အကျအဆုံး အချို့ရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများကို‌တော့ ထုတ်ပြန်လာခြင်းမရှိသေးပေ။

ဓာတ်ပုံ- PDF

Leave a Reply

Your email address will not be published. Required fields are marked *