နောင်ချိုတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ဒဏ်ရာရ

နောင်ချို၊

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ စျေးရပ်ကွက်တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆)ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်လာသည်။

ယမန်နေ့ နိုဝင်ဘာ ၂၂ ရက် ညသန်းခေါင် ၁၂ နာရီခန့်က စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု TNLA က ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗုံးစထိမှန်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင် ဆေးဝါးကုသပေးနေသည်ဟုလည်း ဖော်ပြထားသည်။

နိုဝင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီခွဲခန့်ကလည်း နောင်ချိုရှိ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၁)ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိသည်