ငဖဲမြို့နယ်တွင် ကပစ ၁၃ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၉ ဉီး သေ၊ သေနတ် ၉ လက်ရ

ငဖဲ၊ မေ ၁

မကွေးတိုင်း ၊ ငဖဲမြို့နယ်တွင် စစ်ကောင်စီတပ် ကပစ ၁၃ မှ တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အကျအဆုံးများခဲ့ကြောင်း သိရသည်။

ဧပြီ ၃၀ ရက်နေ့ မနက် ၈ နာရီခန့်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း၏ ကာကင်းတစ်ခုဖြစ်သော ငဖဲမြို့နယ် ပဇီရွာတပ်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော်ပါ စစ်ကြောင်းငယ်တစ်ခုအား တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

ပဇီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲစခန်းချနေသော အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကားလမ်းလုံခြုံရေးအတွက် လှည့်ကင်းထွက်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း အရှိုချင်းကာကွယ်ရေးတပ်က သတင်းထုတ်ပြန်လာသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဉီးသေဆုံးပြီး လက်နက်ငယ် ၉ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ငဇီကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်မ ၉၉ လက်အောက်ခံ ကပစ ၂ / ၁၀/ ၁၃/ ၁၄ မှ တပ်ဖွဲ့ဝင် ၁၃၀ ခန့် တပ်စွဲနေထိုင်လျက်ရှိကြောင်း ဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *