စစ်ကိုင်းတံတားတွင် ပေါ်တာဆွဲခံရပြီး  စစ်ကောင်စီတပ်သားဖြစ်လာသည့် လူငယ် မြိုင် ပကဖ ထံ အလင်းဝင်

စစ်ကိုင်း၊ မတ် ၄

စစ်ကိုင်းတံတားတွင် ပေါ်တာဆွဲခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသည့် လူငယ်တစ်ဉီးသည် မြိုင် ပကဖ ထံသို့ လက်နက်အပ်အလင်းဝင်လာခဲ့ကြောင်း သိရသည်။

ကိုမျိုးမင်းအောင် အမည်ရသော ၎င်း စစ်ကောင်စီတပ်သားသည် ၂၀၂၅ခုနှစ် မတ်လ ၁ ရက်နေ့တွင် ၎င်းကိုင်ဆောင်သော MA-1 သေန.တ် ၁လတ် ၊ MA ကျ.ည် ၆၀ ၊ ကျ.ည်ဘောက် (၃) ခုတို့ကို မြိုင် ပကဖ ထံသို့ အပ်နှံလာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းသည် ယာဉ်မောင်းတစ်ဉီးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်ကိုင်းတံတားပေါ်တွင် အာဏာသိမ်းစစ်တပ် တပ်မ ၃၃ တပ်ဖွဲ့ဝင်များ၏ ပေါ်တာဆွဲခြင်းကို ခံခဲ့ရသူဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ပေါ်တာဆွဲခြင်းခံရပြီးနောက် ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) သို့ ပို့ဆောင်ခံခဲ့ရကာ ယင်းတပ်မှ  ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး မြိုင်ပကဖ တပ်ရင်း(၁) တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

၎င်းကို ဆုငွေ ကျပ်သိန်း ၃၀ ပေးအပ်ကာ လွတ်မြောက်နယ်မြေရှိ မိသားစုများထံသို့  ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *