ကျောက်ကြီးတွင် စစ်မှုထမ်းဉပဒေအရ ခိုင်းစေခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဉီး KNU ထံ အလင်းဝင်

ကျောက်ကြီး၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်) တွင် စစ်မှုထမ်းဉပဒေအရ ခိုင်းစေခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဉီးသည် KNU ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့က စစ်ကောင်စီတပ် ခမရ−၅၈၄ တပ်ရင်းမှ ဒုတပ်ကြပ် ညီညီလွင် တပ်သား ကိုမြင့်ဝင်း၊ မျိုးမင်းသက် နှင့် စောအေးဖရေ တို့ (၄) ဦးသည် KNU လက်အောက်ခံ ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံသို့ လက်နက်များနှင့်တကွ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း KNU က သတင်းထုတ်ပြန်လာသည်။

၎င်းတို့ ၄ ဉီးသည် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလင်းဝင်စဉ် ယူဆောင်လာသော  MA-4 တွဲပစ် လောင်ချာ (၁) လက်၊ MA-1 (၂) လက်၊ ကျည် (၇၅) တောင့် နှင့် ကျည်ဘောက် (၃) ဘောက်တို့ကို အပ်နှံခဲ့ကြောင်း၊  ၎င်းတို့ကို တစ်ဉီးလျှင် ငွေကျပ် ၁၀ သိန်း စီ ပြန်လည်းချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။