
ဖရူဆို၊ ဇန်နဝါရီ ၂၉
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အရာခံဗိုလ် ၁ ဉီးသည် လက်နက်နှင့်တကွ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံသို့ ခိုလှုံခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၇ ရက်နေ့က ဖရူဆိုမြို့နယ် အခြေစိုက် စစ်ကောင်စီ ခမရ (၅၃၁) တပ်ရင်းမှ အရာခံဗိုလ်တစ်ဦးသည် လက်နက်နှင့်တကွ ထွက်ပြေးရောက်ရှိလာပြီး ဘက်ပြောင်းခိုလှုံ လာခဲ့သည်ဟု KNDF က အသိပေး ထုတ်ပြန်လာသည်။
အဆိုပါ အရာခံဗိုလ်မှာ စစ်မှုထမ်းလုပ်သက် နှစ် (၄၀) ကျော်ရှိပြီဖြစ်ပြီး မတရားသော လုပ်ရပ်များနှင့် အာဏာရှင်စနစ်ဆိုးအောက်တွင် ဆက်၍တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ခြင်းကြောင့် ယခုကဲ့သို့ ဘက်ပြောင်းခိုလှုံခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းထံတွင် MA-3 သေနတ် (၁) လက်၊ ဆက်စပ်ပစ္စည်းများပါရှိကြောင်း သိရသည်။