ရန်ကုန်၊ နိုဝင်ဘာ ၁၈
Newsambassador
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့ ရပ်ကွက် (၄)တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃)ဦး သေ ဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း TNLA က ပြောသည်။
ယမန့်နေ့ ကလည်းစစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးသွားခဲ့ပြီး အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၈)လုံး ထိမှန်ပျက်စီးသွားခဲ့သည်ဟုသိရသည်။
အလားတူ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် မိုင်းငေါ့မြို့ကိုစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းTNLA က ဆိုသည် ။
ပြီးခဲ့သည့် နိုင်ဝင်ဘာ ၁ ရက်နေ့လည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၂)တွင် စစ် ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံး (၈)လုံး လာရောက်ကြဲချတိုက် ခိုက်ခဲ့သေးသည်ဟုသိရသည်။
စစ်ကောင်စီတပ်သည် လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက် ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက် သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ် များ လည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ကြောင်း ၊ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်လေ ကြောင်း တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ် ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးထားသည်။
Photo – TNLA





