ကန့်ဘလူ ၊ နိုဝင်ဘာ ၁၁
Newsambassador
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ၊ဇီးကုန်းတိုက်နယ်အတွင်းရှိကျောင်းကုန်း ၊ဖိုလ်ကုန်း နှင့် သပြေသာရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကာ ပြည်သူတစ်ဦးကိုလည်း မီးရှို့သတ် ဖြတ်ခဲ့ကြောင်း ကန့်ဘလူမြို့နယ် တော်လှန်ရေးတပ်ဖွဲ့များမှ သိရသည် ။
ကန့်ဘလူ သကြားစက်မှထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးစုပေါင်းအင်အား ၁၂၀ ခန့်မှ ကျေးရွာ ၃ရွာရှိ နေအိမ် ၁၃၃ လုံး မီးလောင်ပျက်ဆီးပြီး ပြည်သူတစ်ဦးမီးရှို့သတ်ဖြတ်ခံရကာ တစ်ဦးဖမ်းဆီးသွား သည်ဟု သိရသည် ။
ကျောင်းကုန်းရွာမှ ပြည်သူပိုင်နေအိမ် ၄၃ လုံး၊ဖိုလ်ကုန်းရွာမှ ၂၃ လုံးနှင့် သပြေသာရွာမှ ၆၇ လုံး စုစုပေါင်းပြည်သူပိုင်နေအိမ် (၁၃၃) လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ဆိုသည် ။
ထို့အပြင် သပြေသာရွာတွင် မီးရှို့သတ်ခံရသည့် ပြည်သူရုပ်အလောင်းတစ်လောင်းတွေ့ရှိခဲ့ရာ မည်သူမည်ဝါဆိုတာ အတည်မပြုနိုင်သေးကြောင်းဒေသကာကွယ်ရေးအဖွဲ့များကဆို သည်။
ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ်မှ နှစ်ပတ်နီးပါး စစ်ကြောင်းထိုးကာမီးရှို့ဖျက်ဆီးပြီး၊ပြည်သူများအား သတ်ဖြတ်ခြင်း၊ပျူသင်တန်းတက်ရန် အတင်းအဓမ္မဖမ်းဆီးနေခြင်းတို့ကြောင့် ပြည်သူ (၈၀၀၀)ခန့် အိုးအိမ်စွန့်ခွါကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု လည်း သိရသည်။
ဓာတ်ပုံ- CJ(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာမြင်ကွင်း)





