ရန်ကုန် ၊ နိုဝင်ဘာလ ၁
Newsambassador
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်
မြို့နယ်၊ ရပ်ကွက်(၂)ကို စစ်ကောင် စီတပ်မှ ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံး (၈)လုံး လာရောက်ကြဲချသွားကြောင်း TNLA က ပြောကြားသည်။
ယနေ့ နံနက်(၃း၂၈)မိနစ်တွင် တစ်ကြိမ်၊ (၃း၃၃)မိနစ်တွင် တစ်ကြိမ်၊ (၃း၃၈)မိနစ်တွင်တစ်ကြိမ် စစ်ကောင် စီ တပ်မှ ဂျက်ဖိုက်တာ(၂)စီးဖြင့် (၃)ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့ ရပ်ကွက်(၂)အတွင်းရှိ အကောက်ခွန်ဌာနရုံး၊ မီးသတ်ဌာနရုံး၊ (န.တ.လ) ကျောင်း၊ EPC ရုံး၊ အေရှာဝေါလ်တိုးဂိတ်အနီးနှင်ယူကလစ် တော အနီးတို့တွင် ကျရောက် ပေါက် ကွဲခဲ့သည်ဟုဆိုသည် ။
ထိုကဲ့သို့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ ကျွဲ(၁)ကောင်နှင့် ဌာနဆိုင်ရအ ဆောက် အဦးတစ်ချို့ ထိခိုက်ပျက်စီး ခဲ့သည်ဟုသိရသည် ။
ပြီးခဲ့သည့် သြဂုတ်လ(၅)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ကွတ်ခိုင်မြို့ရှိ မြို့မစျေးတွင် လေကြောင်း (၄)ကြိမ် လာရောက်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၆)ဦး သေဆုံး၊ (၁၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ မြို့မစျေးဆိုင်ခန်းပေါင်း (၄၀၀)ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု TNLA ကဆိုသည် ။
Photo – TNLA









