ပြည်သူ့စစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဉီး KNDF ထံ အလင်းဝင်

ဒီမော့ဆို၊ ဧပြီ ၂၃

ပြည်သူ့စစ်မှုထမ်းဉပဒေအရ တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဉီးသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံ သို့ လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း သိရသည်။

တပ်သားသစ်အဖြစ် စုဆောင်းခံရသည့် ၎င်းတို့ ၂ ဉီးသည် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ တွင် တက်ရောက်ရပြီး ယင်းမှတဆင့် စစ်ကောင်စီတပ်ရင်း ခလရ ၉ သို့ တာဝန်ကျခဲ့ကြောင်း ၊ ယင်းမှတဆင့် ကရင်နီပြည် ဒီမော့ဆိုမြို့နယ်အတွင်းရှိ ရှေ့တန်းတနေရာသို့ ပို့ဆောင်ခံရကာ ဧပြီ ၂၀ ရက်နေ့တွင် ထွက်ပြေးပြီး KNDF ထံ လက်နက်နှင့်တကွ အလင်းဝင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၂ ဉီးသည် MA-1 တစ်လက် ၊ MA-2 တစ်လက် ကျည်အိမ်၊ ကျည်ဆန် နှင့် မိုင်းအချို့ကို အပ်နှံခဲ့ကြောင်း KNDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့ ၂ ဉီးကို  ဆုကြေးငွေများပေးအပ်၍ ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားရှိသည်ဟုလည်း KNDF က သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *