ဟားခါး၊ အောက်တိုဘာ ၃၀
News Ambassador
ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့အနီး ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ဟားခါး CDF က ကြေညာသည်။
Chinland Defense Force – Hakha နှင့် Chin National Army တို့ ပူးပေါင်း၍ စစ်ဆင်ရေး Operation Rung အမည်ဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိခဲ့သည်ဟု ဆိုသည်။
ယင်းအပြင် MA1 ငါးလက်၊ MA2 တစ်လက်၊ MA3 နှစ်လက်၊ MA11 တစ်လက်၊ ကျည်ဘောက် ၄၂ခု၊ မိုင်း နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း CDF က ထုတ်ပြန်အသိပေးထားသည်။
ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်အကြားတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်အကျအဆုံးရှိကြောင်း သိရသည်။

