ချင်းမိုင်၊ နိုဝင်ဘာ ၃၀
နွေဉီးတော်လှန်ရေး ဆန္ဒပြပွဲများတွင် အသုံးပြုခဲ့သော နဖူးစည်းစာတန်း(Banners) မူရင်းများ၊ ပြန်လည်ရေးဆွဲထားသော နဖူးစည်းစာတန်း (Banners) များကို ခင်းကျင်းပြသသည့် ပြပွဲတခုကို ယနေ့ ညနေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
Burma Civil War Museum ဗမာ့ပြည်တွင်းစစ်ပြတိုက်က ဉီးစီ၍ပြုလုပ်သော အဆိုပါ ပွဲကို “လူထုခြေရာ – နွေဦးကိုတားဆီးမရ” ဟု အမည်ပေးခဲ့သည်။
အဆိုပါပွဲတွင် နွေဦးတော်လှန်ရေး ပြည်သူ့လှုပ်ရှားမှုများအတွင်း အသုံးပြုခဲ့သော နဖူးစည်းစာတန်း(Banners) မူရင်း၊ ပြန်လည်ရေးဆွဲထားသည့် နဖူးစည်းစာတန်း (Banners) များနှင့် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသခဲ့သည်။
နွေဦးတော်လှန်ရေးသည် လက်နက်ကိုင်တော်လှန်ရေးအဖြစ် ဦးတည်ပြောင်းလဲ တိုက်ပွဲဝင်နေပြီး ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ယခုပြပွဲကို ကျင်းပရခြင်း ဖြစ်သည်ဟု Burma Civil War Museum ကဆိုသည်။
ယခုပွဲသည် ဒုတိယအကြိမ်ကျင်းပသော ပွဲအခမ်းအနားဖြစ်ကြောင်း ပါ သိရသည်။



















