
ညောင်လေးပင်၊ ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)၊ မုန်း(မူး)မြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင် ၁ ဉီးသည် လက်နက်ခဲယမ်းအစုံအလင်ဖြင့် KNU ထံအလင်းဝင်ခဲ့ကြောင်း သိရသည်။
မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း ခလရ ၇၃ လက်အောက်ခံ စခန်းဖြစ်သော သပြေညွှန့်စခန်းမှ အသက် ၃၈ နှစ်အရွယ် တပ်သား ကိုစိုးသူ သည် KNU လက်အောက်ခံ KNLA တပ်ရင်း ၈ ထံသို့ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်လာသည်။
၎င်းသည် လက်နက် ၁ လက်၊ ကျည်ဆန် ၇၀ ကိုလည်း အပ်နှံခဲ့ကြောင်းနှင့် ဆုကြေးငွေ ၁၀ သိန်း ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။