မိုးကုတ်၊ နိုဝင်ဘာ ၁၂
News Ambassador
မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၉) ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ (၁၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ (၁၁) ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်သို့ ဗုံး (၃) လုံးနှင့် အနောက်ပိုင်း မြို့ဦးလွင်အနီးသို့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရှေ့ပိုင်းတွင် ဒေသခံ (၄) ဦးသေဆုံးပြီး ဒေသခံ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အနောက်ပိုင်းတွင်လည်း ဒေသခံ (၅) ဦး သေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၀) ထက်မနည်းထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က အတည်ပြုထုတ်ပြန်လာသည်။
မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အတွင်း တအာင်းတပ်မတော် TNLAက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။





