ရန်ကုန်၊နိုဝင်ဘာ ၁၈
Newsambassador
ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲကျတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောသည်။
ယနေ့ နံနက် ၁၁နာရီ ၃၅ မိနစ်တွင်
တစ်ကြိမ်၊ ၁၁နာရီ ၃၈ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း (၂) ကြိမ်စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၅) လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်ဟု TNLAကဆို သည်။
အလားတူ ဒုဌဝတီတံတားနှင့်ကျောက် ဂူ လမ်းတွင် ရှိနေသည့် စစ်ကောင်စီတပ်က (၁၂၂ မမ) လက်နက်ကြီး (၂) လုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး ဒေသခံ (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟုသိရ သည်။
စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက် ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ် များလည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ကြောင်း၊ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေ ကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ် ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးထားပါသည်။





