
ဖားကန့်၊ ဇန်နဝါရီ ၁၃
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုအတွင်းရှိ နေရာအချို့ကို ယနေ့မနက်တွင် အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သွားရာ အရပ်သားပြည်သူအချို့ သေဆုံးကြောင်း ကနဉီးသတင်း သိရသည်။
ယနေ့မနက် ၁၀ နာရီခွဲခန့်က လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာနှင့် မဇွတ်ယန်ကျေးရွာအနီးရှိ နေရာအချို့ကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချပြီး စက်သေနတ်များဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“ပစ်ခံရတဲ့နေရာတွေက လူသွားလူလာရှိနေတဲ့နေရာတွေ” ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံ တဉီးက ဆိုသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ရေမဆေးကျောက်ရှာဖွေရေး လုပ်သားများအပါအဝင် အရပ်သားပြည်သူ ၇ ဉီး ထက်မနည်း သေဆုံးသည်ဟု ကနဉီးသတင်းရရှိထားပြီး အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပေ။
ယမန်နေ့ကလည်း ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရွှေမှော်တခုကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အရပ်သား ၁၅ ဉီး ခန့် သေဆုံးခဲ့ရသေးသည်။
ပုံစာ- ယနေ့မနက် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုများ
