ဖာပွန်၊ နိုဝင်ဘာ ၂၂
News Ambassador
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်အထိုင် မာထောစခန်းကို ယနေ့မနက်တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
KNU နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မာထောစခန်းကို နိုဝင်ဘာ ၁၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့မနက် ၈ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
မာထောစခန်းတွင် စစ်ကောင်စီ၏ ခမရ-၄၀၇ ၊ ခမရ-၄၀၈ နှင့် ခမရ-၄၀၄ တို့မှ တပ်ဖွဲ့ဝင်များ စုပေါင်းနေထိုင်ကြောင်း သိရသည်။
ယနေ့စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ သက်ဆိုင်ရာ တော်လှန်ရေးတပ်များ ဘက်က အသေးစိတ်မထုတ်ပြန်လာသေးသော်လည်း လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။






