ဖယ်ခုံရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်း ထပ်မံ ဗုံးကြဲခံရ

ဖယ်ခုံ၊ နိုဝင်ဘာ ၁၈

News Ambassador

ယနေ့ နိုဝင်ဘာ ၁၈ ရက် နေ့လည်ပိုင်းက ရှမ်း(တောင်)၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွှာအုပ်စု၊ လအိကျေးရွှာအနီးရှိ၊ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ၎င်းစစ်ဘေးရှောင်စခန်းကို တိုက်လေယာဥ် (၂) စင်းဖြင့် ပေါင် ၅၀၀ ပါသော ဗုံးဖြင့်(၁) ကြိမ်၊ ပေါင် ၂၀၀ ရှိသောဗုံးသီးဖြင့် (၂)ကြိမ်၊စုစုပေါင်း ဗုံး (၅) လုံး လာရောက်ကြဲချခဲ့သည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းနှင့် ၎င်းအနီးတဝိုက်ရှိ ပြည်သူများ၏ တဲ၊ နေအိမ်၊ ဘာသာရေး ဘုရားကျောင်း၊ စပါးကျီ များနှင့် လူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိုးဗြဲ PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ဘန်ကောက်စစ်ဘေးရှောင်စခန်းကို လေယာ​ဥ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်မပြည့်သော ကလေးသူငယ်နှင့်အမျိုးသမီးအပါအဝင် လူ (၁၀) ဦးခန့် သေဆုံးခဲ့ရသည်။

စက်တင်ဘာ ၅ ရက်နေ့ ဖြစ်စဥ်နောက်ပိုင်း စစ်ဘေးရှောင်အများစုမှာ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသော်လည်း၊ အချို့ စစ်ရှောင်များမှာ ရွှေ့ပြောင်းရန်အခက်ခဲရှိကြသဖြင့် ဆက်လက်ကျန်ရှိ​ေနခြင်းဖြစ်သည်ဟု သိရသည်။

Photo – မိုးဗြဲ PDF