ရန်ကုန်၊နိုဝင်ဘာ ၂၁
Newsambassador
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင် စီတပ်များတပ်စွဲထားသည့်နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း ပေါက် မြို့ ပကဖ က ပြောသည်။
ကိုင်းလယ်ရဲစခန်းကို ပေါက်ပကဖ က ဒရုန်း ၆စီးနဲ့ ဗုံးသီး ၂၀၀ ကျော်ကို နိုဝင်ဘာလ (၄) ရက်နေ့ကနေ (၁၁) ရက်နေ့အထိ ဆက်တိုက်ကျဲချ တိုက် ခိုက်ခဲ့ကြောင်း ထို့အပြင်တော်လှန် ရေး ပူးပေါင်းတပ်တွေက နိုဝင်ဘာလ (၁၅) (၁၆) (၁၈) နဲ့ (၁၉) ရက်နေ့တွေမှာ ယာကြီးပြင် ပျူစောထီးရွာရှိ ပျူစောထီးခေါင်းဆောင် နေအိမ်တွေ၊ ဘန်ကာတွေနဲ့ စစ်ကောင်စီ တပ်သားတွေ တပ်စွဲ နေရာတွေကို ဒရုန်းဖြင့် ၁၀၀ မမ၊ ၆၀ မမ ဗုံးသီးတွေ ကျဲချ တိုက်ခိုက်ခဲ့ပြီး၁၆)နဲ့ (၁၈) ရက်နေ့တွေမှာ ဒီးဒုတ်ကွင်း ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးသီး ၉၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ပေါက် ပကဖ ကဆို သည်။
အဆိုပါ တိုက်ခိုက်မှုများကို ပေါက်မြို့နယ် ပကဖ၊ မကွေးတိုင်း ဒရုန်းလက်ရုံးတပ်၊ ပခုက္ကူ ခရိုင် အမှတ် ၅ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်မှ အထိ အခိုက်အကျအဆုံးများပြားကြောင်း ပေါက် – ပကဖ ကထုတ်ပြန်ခဲ့သည်။
