ပုလဲမြို့တိုက်ပွဲတွင် စစ်သုံ့ပန်း ၂၅ဦးဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ပုလဲ ၊ နိုဝင်ဘာ ၁၇

Newsambassador

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိမြို့မရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကဦးဆောင်ပြီးဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၂၅ဦးဖမ်းမိပြီးလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း BNRAက ပြောပါသည်။

စစ်ဆင်ရေးစတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီ ၏နောက်ဆုံးခံတပ်ဖြစ်သောမြို့နယ် ထွေ အုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကိုထိန်း ချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊စစ်ကောင်စီ လက်အောက်ခံ နမခ ၊ တံတားဦးလေ တပ်၊ ရှမ်းတဲလေတပ်၊ မကွေးကလခ တို့မှ လေကြောင်းပစ်ကူအ ခေါက် ရေ ၇၀ ကျော် ပစ်ကူပေးသည့်ကြားမှ ပုလဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါစစ်ဆင်ရေးအတွင်း BNRA မှ ကျဆုံးရဲဘော် ၉ ဦးကျဆုံးပြီး၁၀ဦးထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်းGZA မှ ၁ ဦး ရှိခဲ့သည်ဟုBNRA ကဆိုသည်။

မြေပြင်စစ်ကူဖြတ်တောက်ခြင်းလုပ်ငန်းများကို အဘက်ဘက်မှပြင်ဆင်နိုင်ခဲ့သော်လည်း ဝေဟင်ဖြင့်တပ်အင်အား စစ်ကူချခြင်း၊ ဝေဟင်မှ ပစ်ကူပေးခြင်းများကို ဖြတ်တောက်ရန်ခက်ခဲသောကြောင့် နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေးစတုတ္ထရက်မြောက်ညနေပိုင်းတွင် မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါသည်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်းတွင် စစ်ကောင်စီဘက်မှ သုံ့ပန်း (၂၅) ဦးထိန်းသိမ်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီးအများစုမှာ ဘန်ကာအတွင်း လက်ပစ်သီးထည့်ခံရသည့် ထိခိုက်ဒဏ်ရာများကြောင့် ဆေးကုသမှုခံရလျက်ရှိသည်ဟုဆိုသည်။

စစ်ဆင်ရေးအတွင်း MA1 (၅)လက် ၊ MA2 (၂)လက်၊ MA3 (၄)လက်၊MA4ထောက်တွဲ (၁) လက်၊ G3(၆)လက်၊ G4(2)လက်၊ ပစ္စတို MA5 (၁)လက်၊ M9ဗုံးသီး (၆၀)လုံး၊ လက်ပစ်ဗုံး (၂)လုံး ၊ တိုက်မိုင်း (၃)လုံး၊ နင်းမိုင်း (၁)လုံး၊ လက်ပစ်စနစ်တံ (၆)ခု၊ တိုက်မိုင်ဖြူး (၃)ခု၊ G3ကျည်နှင့် ကပစ ၅.၅၆ကျည် အများအပြား၊ G3ကျည်ဘောက်အပို (၄)ဘောက်၊ MA အပိုကျည်ဘောက် (၂၉ )ဘောက် တို့ကိုသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ ဦးဆောင်၍ အညာညီနောင်ဖြစ်သော Generation Z Army (GZA) နှင့် ရေစကြိုမှ လက်သံပြောင်သော ဗိုလ်အောင်မောင်း၏ Southern Yesagyo (SYSO) တို့ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။