ရန်ကုန် ၊နိုဝင်ဘာလ ၃
Newsambassador
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဘူတာရပ်ကွက်(၅) ကတ္တီပင်ဘုန်းကြီးကျောင်းအနီးတွင် ယမန် နေ့ နိုဝင် ည၈ နာရီဝန်းကျင်စစ်ကောင် စီ တပ်မှ ပေါင်(၅၀၀)ဗုံး၂လုံး ကြဲချ ခဲ့ခြင်းကြောင့် နေအိမ်များ ထိခိုက် ပျက်ဆီးခဲ့ကြောင်း TNLA က ထုတ်ပြန်ခဲ့သည် ။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူနေအိမ် (၇)အိမ်
ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းသိရသည် ။
ထို့အပြင် ည(၉း၀၀)အချိန်တွင် စစ်ကောင်စီတပ်စွဲထားသည့် ဒုဌဝတီမြစ်တဖက်ကမ်းမှ နောင်ချိုမြို့အား လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည် ဟု TNLA ကဆိုသည် ။
ပြီးခဲ့သည့် နိုဝင်ဘာလ(၁)ရက်နေ့ နံနက်စောစော(၄း၁၃)မိနစ်တွင် တစ်ကြိမ် (၄း၁၆)မိနစ်တွင် (၁)ကြိမ်၊ (၄း၂၄)မိနစ်တွင် (၁)ကြိမ် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာနှင့် သကြားစက်ရုံတို့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၆)လုံးလာရောက် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည် ။
Photo – TNLA






