နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်

ရန်ကုန် ၊နိုဝင်ဘာ ၁၃

Newsambassador

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ တောင်ခမ်းရွာရှိဘုန်းကြီး ကျောင်း နှင့် စစ်ကောင်စီ အမြောက် တပ် (၃၅၄)တပ်စခန်းနေရာတို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောကြားသည် ။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ မကျီးရေရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၁)ကြိမ် ဗုံး(၁)လုံး လာရောက်ကြဲချခဲ့ကြောင်း သိရသည်

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်ဟု TNLA ကဆို သည် ။