

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉
မြန်မာ-ထိုင်းနယ်စပ်အနီး၊ ထိုင်းနိုင်ငံ၊ ကချနဘူရိခရိုင် ၊ ဆန်ခလဘူရိတွင် မြန်မာရွှေ့ပြောင်းသွားလာသူ ၁၀၀ ကျော် ထပ်မံဖမ်းဆီးခံရကြောင်း သိရသည်။
ယမန်နေ့ညနေ ၅ နာရီခွဲခန့်က အဆိုပါ မြန်မာ စုစုပေါင်း ၁၁၆ ဉီးကို ထိုင်းအာဏာပိုင်များက ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနအချို့က ဖော်ပြလာကြသည်။
အဆိုပါ ၁၁၆ ဉီးတွင် အမျိုးသမီး ၄၄ ဉီး၊ ကလေး ၂ ဉီး ပါဝင်ကာ ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ပေးခအနေဖြင့် ပွဲစားများကို တစ်ဉီးလျှင် ထိုင်းဘတ်ငွေ ၁၈၀၀၀ မှ ၂၀၀၀၀ အထိ ပေးချေခဲ့ရကြောင်း သိရသည်။
၎င်းတို့သည် မြန်မာအာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းဉပဒေနှင့် ပြည်တွင်းစစ်ကိုရှောင်ရှားရန် ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသူများဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
၁၁၆ ဉီးတွင် ဘန်ကောက်သို့ သွားမည့်သူများနှင့် ယင်းမှတဆင့် မလေးရှားအထိသွားရောက်မည့်သူများပါဝင်ကြောင်း ၊ သို့သော် နယ်စပ်အနီးတွင် ပွဲစားများက ၎င်းတို့ကို စွန့်ပစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- Khaosod