ဒီပဲယင်းရှိ ကြခတ်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ကိုရင် ၃ ပါး ပျံလွန်တော်မူပြီး ရွာသား ၂ ဉီး သေဆုံး

ဒီပဲယင်း၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို ယနေ့မွန်းလွဲပိုင်းတွင် အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က ကြခတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဘုန်းကြီးကျောင်းရှိ ကိုရင် ၃ ပါးနှင့်အတူ ဘုန်းကြီးကျောင်းသားကလေးငယ် တစ်ဉီး၊ စစ်ဘေးရှောင်ရွာသား ဉီးမောင် တို့  စုစုပေါင်း ၅ ဉီး သေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က သတင်းထုတ်ပြန်လာသည်။

ယင်းအပြင် ကိုရင် ၅ ပါးနှင့် စစ်ဘေးရှောင်ပြည်သူ ၁ ဉီး စုစုပေါင်း ၆ ဉီး လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း  သိရသည်။

လေကြောင်းဖြင့် ဗုံးကြဲခံရသော အချိန်သည် သင်္ကြန်တွင်းကာလအတွက် ဉပုသ်သီလယူရန် ရွာသူ/သားများ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေခိုက်လည်းဖြစ်ကြောင်း  ကနဉီး စုံစမ်းသိထားရသည်။

အာဏာသိမ်းစစ်တပ်သည် အပစ်ရပ်သည်ဟု ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏဆိုသလို ပြုလုပ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *