တပ်ရင်းမှူးအပါအဝင် ၂၉ ဉီး ဖမ်းဆီးရမိခဲ့သော မဲပလီဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲရုပ်သံ BPLA ထုတ်ပြန်

သထုံ၊ ဖေဖော်ဝါရီ ၂

မဲပလီစခန်းသိမ်းတိုက်ပွဲ (ရုပ်သံ)

မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်အထိုင် မဲပလီ ဗျူဟာကုန်းစခန်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၁ နာရီတွင် တော်လှန်ရေးတပ်များက အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်း ၂၉ ဉီးကို ၊ ဟောင်ဝစ်ဇာလက်နက်ကြီး ၂ လက်၊ လက်နက်ငယ်များ ၊ ခဲယမ်းများနှင့်အတူတကွ ဖမ်းဆီး/သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဘက်ကလည်း KNLA ရဲဘော် ၁ ဉီးနှင့် FFD ရဲဘော် ၁ ဉီးတို့ ကျဆုံးခဲ့ကြောင်း ကနဉီး သတင်းသိရထားသည်။

တိုက်ပွဲသတင်းအပြည့်အစုံကိုတော့ သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်လာခြင်းမရှိသေးပေ။

စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။