


ကျောက်ကြီး၊ ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်) တွင် အာဏာသိမ်းစစ်တပ်၏ တပ်သားသစ် ၃ ဉီးသည် KNU ထံ လက်နက်နှင့်တကွ အလင်းဝင်ခဲ့ကြောင်း သိရသည်။
ယနေ့တွင် ကျောက်ကြီးမြို့ရှိ စစ်ကောင်စီတပ်ရင်း ခမရ ၅၈၄ မှ အသက် ၂၁ နှစ်အရွယ် တပ်သားမြတ်မင်းသူ အသက် ၂၄ နှစ်အရွယ် တပ်သားဝင်းမင်းကို ၊ အသက် ၂၀ အရွယ် တပ်သားမိုးသောက်ယံ တို့ ၃ ဉီးသည် လက်နက်များနှင့်တကွ KNU လက်အောက်ခံ KNLA တပ်ရင်း ၉ ထံ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း KNU ဗဟို၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့ ၃ ဉီးသည် စစ်ကောင်စီ၏ စစ်မှုထမ်းဉပဒေအရ တပ်သားသစ်အဖြစ် အဓမ္မဆုတောင်းခံရသူများဖြစ်ကြောင်းနှင့် ၎င်းတို့နှင့်အတူ MA-3 သေနတ် ၂လက်၊ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၁၁ ခု၊ ကျည် ၇၇၆ တောင့်၊ လက်ပစ်ဗုံး ၁ လုံး တို့ကို ယူဆောင်လာခဲ့ကြောင်း သိရသည်။
အလင်းဝင်လာခဲ့သူ ၃ဉီးကို တစ်ဉီးလျှင် ငွေကျပ် ၁၀ သိန်းစီ ဆုချီးမြှင့်ခဲ့ကြောင်း KNU က ဆိုထားသည်။