နိုဝင်ဘာ ၊ ၁၈
News Ambassador
စစ်ကောင်စီတပ်၏ အတင်းအကြပ် တပ်သားသစ်အဖြစ်စုဆောင်းခံရသူ ၆ ဉီးသည် ပြည်သူကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ၊ အမှတ်(၃)၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းဝင်တပ်သား(၆)ဦးတွင် (၁)ဦးသည် MA1 (၁)လက် ၊ ကျည်ဘောက်(၃)ဘောက် ၊ ကပစကျည် ၅.၅၆ (၁၆၁)တောင့် ယူဆောင်လာခဲ့ကြောင်း ဒေါနတပ်ရင်းက သတင်းထုတ်ပြန်လာသည်။
၎င်းတို့ ၆ ဉီးမှာ တပ်သားဝေဖြိုး (ကိုယ်ပိုင်အမှတ်-ရေ ၅၀၈..၊ တပ်သား/၁၄၊ တရက) တပ်သားဖြိုးမင်းအောင် (ပစ-၁၀၆၅..၊ခလရ ၂၇၃) စစ်မှုထမ်းအပတ်စဉ်-၂ တပ်သားကရင်လေး (ပစ-၁၀၆၇..၊ခလရ ၂၇၃) စစ်မှုထမ်းအပတ်စဉ်-၂ တပ်သားရဲမင်းမောင်(ပစ-၂၀၂၆..၊ခလရ၂၇၃) ၊ စစ်မှုထမ်းအပတ်စဉ် – ၁ တပ်သားသန်းတိုးအောင် (ပစ-၁၀၀၈..၊ခလရ၂၇၃) စစ်မှုထမ်းအပတ်စဉ် – ၁ တပ်သားဖြူဖွေး (ပစ-၁၀၀၇..၊ခလရ၂၇၃) စစ်မှုထမ်းအပတ်စဉ် – ၁ တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
