စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း လူငယ် ၃ ဉီး ယင်းမာပင် ပကဖ ထံ အလင်းဝင်

ယင်းမာပင်၊ မတ် ၄

News Ambassador

စစ်ကိုင်းတိုင်း ယင်မာပင်မြို့နယ် ပကဖ (လက်ရုံးတပ်)ULFစစ်ကြောင်းထံ စစ်ကောင်စီတပ်၏ ပြည်သူ့စစ်မှုထမ်းလူငယ် ၃ ဉီး လက်နက်နှင့်တကွ အလင်းဝင်လာခဲ့ကြောင်း သိရသည်။

၎င်းတို့ ၃ ဉီးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့က အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး တစ်ဉီးကို ငွေကျပ် သိန်း ၃၀ စီ ဆုငွေပေးအပ်ခဲ့ကြောင်း စစ်ကြောင်းဘက်က သတင်းထုတ်ပြန်လာသည်။

“အလင်းဝင်လာတာ လူငယ်တွေသုံးဦး MA1 သုံးလက်၊ကျည်ဘောက် (၅) ဘောက် နဲ့ နှုတ်ခမ်းနီအတောင့် (၃၀၀)ကျော်နဲ့ ULF ထံ အလင်းဝင်လာတာပါ။ နောက်ထက်ဝင်မယ့် ကလေးတွေရှိသေးလို့ ဘယ်နေရာကဝင်တာ နာမည်နဲ့တော့ ပြောလို့မရသေးပါဘူး” ဟု စစ်ကြောင်းဘက်က သတင်းထုတ်ပြန်ခဲ့သည်။

လတ်တလောတွင် စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေအရ လူငယ်များကို အတင်းအကြပ် စစ်မှုထမ်းစေခိုင်းသော်လည်း တော်လှန်ရေးတပ်များထံ ထွက်ပြေးခိုလှုံသူ များစွာရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *