စစ်ကောင်စီက ကျောက်မဲပြည်သူ့ဆေးရုံကို ဗုံးကြဲ၊  CDM ဆရာမတဉီးနှင့် လူနာတဉီး သေဆုံး

ကျောက်မဲ၊ ဇန်နဝါရီ ၂၅

ယနေ့ နေ့လည်ပိုင်းက အာဏာသိမ်းစစ်တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တို့ ထိန်းချုပ်ထားရာ ကျောက်မဲမြို့ ရှိ ပြည်သူ့ဆေးရုံကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် ကျေက်မဲမြို့ ပြည်သူ့ဆေးရုံကို ယနေ့ ဇန်နနဝါရီ ၂၅ ရက် နေ့လည် ၁ နာရီ ၂၅ မိနစ်ခန့်တွင် တစ်ကြိမ် ၊ ၁ နာရီ ၂၉ မိနစ်ခန့်တွင် တကြိမ်၊ စုစုပေါင်း ၂ ကြိမ် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA ဘက်က သတင်းထုတ်ပြန်လာသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် လူနာများကို ဆေးကုသပေးနေသည့် CDM ဆရာမ (၁)ဦး၊ လူနာ (၁)ဦး တို့သေဆုံးပြီး ကျန်မားရေးဝန်ထမ်း၊ CDM ဝန်ထမ်းများအပါအဝင် အရပ်သား(၂၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊  ကျောက်မဲပြည်သူ့ဆေးရုံလည်း ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်မဲပြည်သူ့ဆေးရုံသည် လူနာကုတင် (၁၅၀) ဆံ့ ဆေးရုံဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ (၉)ဦးသေဆုံး၊ (၃)ဦး ထိခိုက် ဒဏ်ရာရရှိကာ  နေအိမ်အ‌ဆောက်အဉီများ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။