


ငဖဲ၊ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်း ငဖဲမြို့နယ် ၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဆုတ်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို ချင်းကာကွယ်ရေးတပ် အရှိုCDF က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ နတ်ရေကန်လမ်း၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အရှို CDF က သတင်းထုတ်ပြန်လာသည်။
စစ်ကောင်စီ ယာဉ်တန်းပါ ယာဉ် ၄ စီးမှ ၁ စီး မီးလောင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဉီး သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနေရာကို နယ်မြေရှင်းလင်းရေးလုပ်စဉ် တော်လှန်ရေးရဲဘော် ၁ ဉီး ကျဆုံးခဲ့ပြီး ၁ ဉီး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ အလောင်းနှင့် သေနတ် ၄ လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။