
မြဝတီ၊ ဇန်နဝါရီ ၁၅
ကရင် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ နှင့် DKBA ခေါင်းဆောင် အချို့ ၊ တရုတ်စီးပွားရေးသမားအချို့ တို့သည် ယနေ့မနက်က ကရင်ပြည်နယ် မြဝတီမြို့ တွင် အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း အတည်ပြုသိရသည်။
တရုတ်မင်းသားတဉီး၊ တရုတ်လူမျိုး မိန်းကလေး ၁ ဉီး တို့ကို ကျာဖြန့်လုပ်ငန်းအတွင်းမှ ကယ်ဆယ်နိုင်ခဲ့သည့်ဖြစ်စဉ်၊ ထိုင်းဝန်ကြီးချုပ် ကို ကျာဖြန့်သမားတို့က ငွေကြေးလိမ်လည်ရန်ကြိုးစားသည့် ဖြစ်စဉ်တို့ကြောင့် ဗိုလ်မှူးကြီးစောချစ်သူ အပိုင် ရွှေကုက္ကိုလ် ကျာဖြန့်ဌာနချုပ်သည် အများအာရုံစိုက်စရာဖြစ်နေစဉ် ယခုအရေးပေါ် အစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးပြုလုပ်ခဲ့ကြောင်းကို DKBA တပ်ဖွဲ့ထံမှ အတည်ပြုသိရသော်လည်း အစည်းအဝေးပြုလုပ်ခဲ့သည့် အကြောင်းအရာ အသေးစိတ်ကို ဖြေဆိုခြင်းတော့ မရှိသေးပေ။
DKBA ဆက်ဆံရေးရုံးများတာဝန်ခံ ဗိုလ်မှူးကြီး စောကျော်သန်းဌေးကို ဆက်သွယ်မေးမြန်းရာတွင်မူ ၎င်းက အစည်းအဝေးအကြောင်းအရာများကို မသိရှိကြောင်း ငြင်းဆိုခဲ့ပြီး DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် စောစိန်ဝင်း ကမူ တယ်လီဖုန်းလက်ခံဖြေခြင်း မပြုသေးပေ။
ထိုင်းသတင်းဌာန the reporters က ဖော်ပြလာသော သတင်းအရမူ ယနေ့ အစည်းအဝေးတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်း၏ လက်အောက်ခံ တပ်နယ်မှူး၊ တပ်ရင်းမှူးများ၊ DKBA မှ စစ်ဉီးစီးအရာရှိ ဗိုလ်ချုပ် စောဆန်းအောင်၊ စစ်ရေးချုပ် ဗိုလ်မှူးချုပ် စောစိန်ဝင်း တို့ တက်ရောက်ခဲ့ကြောင်း၊ ရွှေကုက္ကိုလ်ရှိ ကျာဖြန့်လုပ်ငန်း တာဝန်ခံ တရုတ်စီးပွားရေးသမားအချို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးဆုံးဖြတ်ချက်အနေဖြင့် ရွှေကုက္ကိုလ်တွင် ကျာဖြန့် ငွေလိမ်ခြင်း နှင့် လူကုန်ကူးခြင်းမပြုလုပ်ရန်၊ အသက် ၁၈ နှစ်အောက် ကလေး လုပ်သားများကို အသုံးမပြုရန်၊ ခြိမ်းခြောက်ခြင်း ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်းများကို မပြုလုပ်ရန် စသည့်အချက်အလက်များကို ဆုံးဖြတ်ခဲ့ကြောင်း ထိုင်းသတင်းဌာန the reporters က ဖော်ပြထားသည်။
Ref – The Reporters
Photo – The Reporters
