ကန့်ဘလူမြို့နယ်အတွင်းရှိ ကျီစုရွာ နှင့် ကျောက်တိုင်ရွာ ကို စကစ မှ မီးရှို့၊ စစ်ရှောင်ပြည်သူ၃၇ ဦး ဖမ်းဆီးသွား

ရန်ကုန် ၊အောက်တိုဘာ ၃၁

News ambassador

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ကာ ဘိုတိုက်နယ်ရှိ ကျီစုရွာ နှင့် ကျောက် တိုင်ရွာကို စစ်ကောင်စီတပ်က အောက် တိုဘာ ၃၀ရက်နေ့မှာ မီးရှို့ဖျက်ဆီးပြီး စစ်ရှောင်ပြည်သူ ၃၇ ဦးကို ဖမ်း ဆီး သွားကြောင်းကန့်ဘလူမြို့နယ် မှ ဒေသခံများက ပြောကြားသည် ။

အဆိုပါ ကျေးရွာ ၂ ရွာအား စစ်

ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးပြီး Drone ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်း ၃ကျောင်း၊စာသင် ကျောင်းနှင့် ပြည်သူပိုင်နေအိမ် ၇၀၀ နီးပါး ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု သိရသည် ။

အောက်တိုဘာ ၃၀ ရက်နေ့ နေ့လည် က ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့ ကိုစစ်ကောင်စီတပ်နှင့်ပျူစောထီးပူး ပေါင်း အင်အား ၁၆၀ ခန့်မှဝင်ရောက် မီးရှို့ဖျက်ဆီးကြောင်း ၊Drone ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် ကျီစုရွာမှ ဘုန်းကြီးကျောင်း ၂ကျောင်း နှင့် နေ အိမ် (၄၀၀) ခန့် ပျက်ဆီးဆုံးခဲ့ရပြီး ကျောက်တိုင်ရွာမှဘုန်းကြီးကျောင်း (မြောက်) ကျောင်း၊စာသင်ဆောင်တစ်ဆောင် နှင့် နေအိမ် ၃၀၀ နီးပါး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

အိုင်ပေါင်းချောင်ရွာမှ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေသည့် အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၃ ဦး၊စုစုပေါင်း အပြစ်မဲ့ပြည်သူ ၃၇ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ကန့်ဘလူ ၆၀၀၆ တကရတပ်သို့ ခေါ်ဆောင်သွားပြီး ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းဒေသခံများက ဆိုသည် ။

လက်ရှိမှာ ပြည်သူ တစ်သောင်းကျော် ခန့် စစ်ရှောင်နေရသည်ဟု သိရသည် ။

Photo – CJ