ရွှေဘို ပကဖ ထံသို့ ခမရ ၁၂ မှ တပ်သားသစ်အဖြစ် စုဆောင်းခံရသူ ၁ ဉီး လက်နက်နှင့်တကွ အလင်းဝင်

ရွှေဘို၊ ဖေဖော်ဝါရီ ၂

မန္တလေးတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ တပ်သားသစ်အဖြစ် စုဆောင်းခံရသူ ၁ ဉီး လက်နက်နှင့်တကွ မြို့နယ် ပကဖ ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ရင်း ခမရ ၁၂ မှ တပ်သားသစ်အသစ် စုဆောင်းခံထားရသူ ၁ ဉီးသည် လက်နက်နှင့်တကွ အလင်းဝင်လာခြင်းဖြစ်ကြောင်း မြို့နယ် ပကဖ က သတင်းထုတ်ပြန်လာသည်။

၎င်းသည် ရွှေဘိုမြို့နယ် တိုက်နယ် ၆ အတွင်း စစ်ကောင်စီတပ်၏ ပေါ်တာဆွဲခြင်းခံရသူဖြစ်ကာ အလင်းဝင်ရောက်စဉ် MA3 သေနတ် (၁)လက်၊ ကျည်ဘောက် (၄) ခု၊ ၅.၅၆ ကျည် (၁၀၈)တောင့်၊ လက်ပစ်ဗုံး (၄)လုံးတို့ကို  အပ်နှံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလင်းဝင်ရောက်လာသူအား ဂုဏ်ပြုဆုငွေ ထိုက်သင့်အားလျော်စွာ ချီးမြှင့်မည်ဖြစ်ပြီး လူ့အခွင့်အရေးနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း ရွှေဘို ပကဖ က ဆိုထားသည်။