ဖီမော်အထက်ပိုင်းရှိ ကန်ဖန်း(Kang Fang) ရွာကို KIA တို့ သိမ်းပိုက်၊ စကစနှင့် ပြည်သူ့စစ်များက လက်နက်များကို ချောင်းထဲပစ်ချပြီး ထွက်ပြေးသွားသဖြင့် လိုက်လံဆယ်ယူခဲ့ရ

ပန်ဝါ၊ နိုဝင်ဘာ ၄

News Ambassador

ကချင်ပြည်နယ် ဖီမော်ဒေသ အထက်ပိုင်းရှိ ကန်ဖန်း(Kang Fang) ကျေးရွာကို ယနေ့ညနေပိုင်းတွင် KIA နှင့် မဟာမိတ် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရှိပြီး တိုက်ခိုက်စဉ် ၎င်းတို့ ထွက်ပြေးသွားခဲ့ကြောင်း သတင်းရင်းမြစ်၏ ပြောပြချက်အရ သိရသည်။

“ဖီမော်ရဲ့ အထက်ပိုင်းမှာရှိတဲ့ ရွာလေး။ ဒီညနေမှာ သိမ်းလိုက်ပြီ။ ကန်ဖန်းရွာထဲဝင်သော ဒေသခံတွေကြိုဆိုကြတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

၎င်းတို့သည် ကိုင်ဆောင်သော လက်နက်များကို ချောင်းအတွင်း ပစ်ချခဲ့သဖြင့် လိုက်လံဆယ်ယူခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ကန်ဖန်းရွာကို သိမ်းယူပြီး တော်လှန်ရေးရဲဘော်များကို ဒေသခံပြည်သူများက ကြိုဆိုမှုပြုလုပ်ခဲ့ရာ ယင်းကို စစ်ကောင်စီတယ်လီဂရမ်ချန်နယ်များတွင် ပြစ်တင်ရေးသားနေသည်ကို တွေ့ရသည်။

ဓာတ်ပုံ- CJ (ပေးပို့)