ပုလဲမြို့ရှိ စစ်ကောင်စီခံစစ်စခန်း စုပေါင်းရုံးကို တော်လှန်ရေးတပ်များက ထိန်းချုပ်စိုးမိုးထား

ပုလဲ၊ နိုဝင်ဘာ ၁၃
News Ambassador

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီခြေကုပ်ယူထားသော ထွေအုပ်စုပေါင်းရုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စုပေါင်းရုံးစခန်းကို ယနေ့ညနေပိုင်းတွင် တော်လှန်ရေးတပ်များက ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

လက်တလောရရှိထားသော သတင်းများအရ စုပေါင်းရုံးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိကြောင်း သိရသည်။

လက်ရှိတွင် ပုလဲမြို့၌စစ်ကောင်စီတပ်အထိုင်စခန်းဟူ၍ မြို့မရဲစခန်းတခုသာရှိတော့ကြောင်း သိရသည်။

တိုက်ပွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာတော်လှန်ရေးတပ်များဘက်က အတည်ပြုထုတ်ပြန်လာခြင်း မရှိသေးပေ။

ဓာတ်ပုံ- စစ်ကောင်စီလော်ဘီတယ်လီဂရမ်များ