



ဒီပဲယင်း၊ ဧပြီ ၂၃
ယနေ့မနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့တောင်ဘက်ရှိ လက်လှုပ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တံတားဉီးလေဆိပ်မှ တက်သည်ဟု ယူဆရသော တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများဖြစ်သည့် ကိုဆန်းဇော်၊ ကိုအောင်ကျော်ကျော်၊ ဒေါ်ဆောင်း၊ ဒေါ်လုံး၊ မဂျယ်ဉီး ဆိုသူတို့ ၅ ဉီး သေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။
တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
အာဏာသိမ်းစစ်တပ်သည် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီး သေဆုံးသူများမှာလည်း အရပ်သားများ အများစုဖြစ်နေသည်ကို တွေ့ရသည်။
ဓာတ်ပုံ- ဒီပဲယင်း ပ.အ.ဖ



